Appalachian music

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Appalachian ဂီတသည် အမေရိကန်အရှေ့ပိုင်း Appalachia နယ်ပယ်မှ ဂီတဖြစ်သည်။ ၎င်းသည် ကွဲပြားသော ဥရောပနှင့် အာဖရိကလွှမ်းမိုးမှုများမှ ဆင်းသက်လာခဲ့သည်။ အင်္ဂလိပ် ballad၊ အိုင်ယာလန်နှင့် စကောတလန်ရိုးရာဂီတ၊ ဓမ္မသီချင်းနှင့် အာဖရိက အမေရိက blues တို့ပါဝင်သည်။ ၁၉၂၀ တွင် ပထမဆုံးမှတ်တမ်းတင်ခဲ့ပြီး Appalachian ဂီတသမားများသည် အစောပိုင်း Old-time ဂီတ၊ country ဂီတနှင့် bluegrass နှင့် ၁၉၆၀ အမေရိကန် folk ဂီတ၏ဖွံဖြိုးမှုများလွှမ်းမိုးသည်။ တူရိယာများတွင် အမေရိကန်ဘင်ဂျို၊ အမေရိကန်တယော၊ စောင်းနှင့် ဂီတာများ ပါဝင်သည်။

အစောပိုင်းမှတ်တမ်းတင်ခဲ့သော ဂီတသမားများတွင် Fiddlin’s John Carson, G.B Grayson & Henry Whitter, Bascom Lamar Lunsford, the Carter Family, Clarence Ashley, Frank Proffitt နှင့် Dock Bogg တို့ပါဝင်ပြီး ၁၉၂၀ နှင့် ၁၉၃၀ တွင် အစောဆုံး မှတ်တမ်းတင်ခဲ့သူများ ဖြစ်သည်။ ကွဲပြားသော Appalachian ဂီတသမားများသည် Jean Ritchie, Roscoe Holcomb, Ola Belle Reed, Lily May Ledford, Hedy West နှင့် Doc Watson တို့ပါဝင်သည်။ Country နှင့် Bluegrass အနုပညာရှင်များတွင် Loretta Lynn, Roy Acuff, Dolly Parton, Earl Scraggs, Chet Atkins, The Stanley Brothers နှင့် Don Reno တို့ပါဝင်ပြီး ရိုးရာ Appalachian ဂီတကြီးမားစွာလွှမ်းမိုးခဲ့သည်။ အနုပညာရှင်များတွင် Bob Dylan, Jerry Garcia နှင့် Bruce Spring Steen စသော အနုပညာရှင်များသည် Appalachian သီချင်းများကို ရေးစပ်၍ သီဆိုခဲ့ကြသည်။


© MMXXIII Rich X Search. We shall prevail. All rights reserved. Rich X Search